ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Monday, July 23, 2012

၂၃-၀၇-၂၀၁၂ ရက်နေ့ လွှတ်တော်တွင်းမှ သတင်းများ

ပထမ အကြိမ် ပြည်သူ့လွတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ တွင် တတ်ရောက်လာ
သော ဒေါ်အောင်ဆန်းစုကြည် အား တွေ့ ရစဉ် ( ဓာတ်ပုံ-သတင်း )



နေပြည်တော်၊ဇူလိုင်-၂၃

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့တွင် ဇလွန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ် ပြီး တောင်သူလယ် သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆို အားပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားရာ ပြီးခဲ့သည့် ၁၈ ရက်နေ့က ပြုလုပ်ခဲ့
သည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ငါး ဦးဆွေးနွေးခဲ့ပြီး ယနေ့(ဇူလိုင် ၂၃ ရက်) ကျင်းပ
သည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မနက်ဖြန်(ဇူလိုင် ၂၄ ရက်)တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင်လည်း ကိုယ်စားလှယ် ၁၀ ဦးမှ ထပ်မံဆွေးနွေးမည်ဖြစ်သည်။ဇူလိုင် ၂၄ ရက် တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် JICA မှ ချေးငွေများနှင့် ပတ်သက်၍လည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးမှ ဖတ်ကြား ရှင်းလင်းတင်ပြမည့် အစီအစဉ်ပါဝင်သည်။

ဦးတင်ထွဋ်၏ အဆိုအား ဆွေးနွေးမည့် ကိုယ်စားလှယ် ၄၅ ဦးရှိသဖြင့် ယခုတစ်ပတ်အတွင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်များတွင် ယင်းအဆိုအား ဆွေးနွေးမည့် အစီအစဉ်များသာ အဓိကပါဝင်နိုင်ဖွယ် ရှိကြောင်း ကိုယ်စားလှယ်များကခန့်မှန်းသည်။

လစ်လပ်သွားသည့် ဒုတိယ သမ္မတနှင့် ပတ်သက်သည့် အစီအစဉ်မှာ ယခုတစ်ပတ် အတွင်း ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်များတွင် ပါဝင်နိုင်ဖွယ် မရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့ကပြောသည်။

ဒုတိယ သမ္မတနေရာယခင်က ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအားတပ်မတော်သား ကိုယ်စား
လှယ်များက အမည်စာရင်းတင်သွင်းထားသည်ဟု သိရသော်လည်း နောက်ပိုင်းတွင် တပ်မတော်အတွင်းမှ ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦး သို့မဟုတ် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတင်းများထွက်

ပေါ်နေပြန်သည်။

7Day News Journal

No comments:

Post a Comment

Comment (မှတ်ချက်)


HTML