လေပြင်း တိုက်ခတ်မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရွာသာကြီး ရပ်ကွက်အတွင်း
ပျက်စီးသွားသော လူနေအိမ်တစ်လုံးကို တွေ့ရစဉ်
“ပထမတစ်ကြိမ် တိုက်တုန်းက အိမ်တချို့ပါသွားတယ်။ နောက်သိပ် မကြာဘူး။
နောက်တစ်ကြိမ်က ပထမတစ်ကြိမ်ထက် ပိုပြင်းတယ်။ အဲဒီအခါကျတော့
အိမ်တွေလိုင်းခန်း တွေတင်မကဘူး။ မေခ ခသ်ာနနိ စက်ရုံက ဂိုဒေါင်တွေရဲ့
အမိုးတွေလည်း လန်ကုန်တယ်။ လမ်းဘေး က သစ်ပင်တွေ၊ ဓာတ်တိုင်တွေပါ လဲကုန်တယ်။
နှစ်ကြိမ်စလုံးက လေပွေပုံစံမျိုးပဲ။ လမ်းပေါ်ကို ဓာတ်တိုင် တွေ၊
သစ်ပင်တွေလဲကုန်လို့လမ်းက ခဏတော့ ပိတ်သွားတယ်”ဟု ဒဂုံမြို့သစ်
အရှေ့ပိုင်းရပ်ကွက်တွင် နေထိုင်သူ ကိုဇော်က ပြောပါသည်။
No comments:
Post a Comment