မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖူဆယ်ဘောလုံးကစားနည်း တိုးတက်ဖွံ့ဖြိုးတိုးတက်လာအောင် အဘက်ဘက်မှကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပြီး ယခုအခါတွင် တတိယအကြိမ်မြောက် ဖူဆယ်နည်းပြ သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်မည့် FutsalCoaching Course နည်းပြသင်တန်းကို ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ တွင်ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက်ရှိနေသည်။ ထိုသင်တန်းသို့ တက်ရောက် လိုသူများအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းပြီးသြဂုတ်လ (၁၆)ရက်ေ န့ နောက်ဆုံးထားစာရင်ပေးသွင်းနိုင်ပါသည်။ အဆိုပါနည်းပြသင်တန်းကို ဖီဖာအင်စပတ်တာမှ လာရောက် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကြာလမှာ တစ်ပတ်ကြာမြင့်မည်ဖြစ်သည်။
No comments:
Post a Comment