ကမ္ဘာနဲ့အ၀ှမ်း Gtalk သုံးမရ ……
ဒီနေ့ မြန်မာစံတော်ချိန်ညနေ ၅ နာရီ ၁၀ မိနစ်လောက်ကနေစပြီး Gtalk ကို
သုံးမရတော့တာပါ။ ကိုယ့်ရဲ့ Gtalk account မှာတော့ online ရှိနေပြီး
ကိုယ့်ရဲ့ သူငယ်ချင်းတွေအားလုံးကို offline အနေနဲ့ပဲ မြင်ရ ပါတော့တယ်။
Offline message လည်း ပို့လို့ မရတော့ ပါဘူး။ဒါ့အပြင် Gmail, Google + စတာတွေကနေ ၀င်လို့ရတဲ့ Chat function တွေအားလုံးပါ ပြတ်ေ နတာ ဖြစ်ပါတယ်။ဒီလိုပြတ်တောက်မှုတွေဟာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ UAE နဲ့ အင်္ဂလန် အပါအ၀င်
နိုင်ငံတော်တော်များများမှာ ဖြစ်နေတာပါ။ တချို့နိုင်ငံတွေမှာတော့
ဒီနေ့မနက်ခင်းကတည်းက Google က ပေးထားတဲ့ ၀န်ဆောင်မှုတွေ၊ အထူးသဖြင့် Gtalk
နဲ့ GmailChat တွေဟာ အလု ပ်ကောင်းကောင်းမလုပ်ဘူးလို့ ဆိုကြပါတယ်။
Google ကတော့ သူ့ရဲ့ App Status စာမျက်နှာမှာ Gtalk ပြတ်ရတာကို သူတို့
သတိပြုမိကြောင်း၊ ပြဿနာအဖြေရှာပြီး အဆင်ပြေဖို့ ကြိုးစားနေကြောင်း၊
ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ထုတ်ပြန်သွားပေးမယ်လို့
ရေးသားထားပါတယ်။
No comments:
Post a Comment