အိုလံပစ်ပွဲကြီးကျင်းပတော့
တကမ္ဘာလုံးကလူတွေ ရုပ်မြင်သံကြားကနေ ကြည့်ကြသပေါ့။
ဒါပေမယ့် အိုလံပစ်ပွဲတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်တဲ့ ငွေကြေးတတ်နိုင်တဲ့
လူများကျတော့လည်း လန်ဒန်ကို သွားကြည့်ကြတာပေါ့လေ။
တရုတ်နိုင်ငံက လယ်သမား အဖိုးအိုက ချန်ကွမ်းမင် တော့ အင်္ဂလိပ်စကားလည်း မပြောတတ်၊
ငွေကလည်း မတတ်နိုင်၊ သူ့မှာ ရှိတာဆိုလို့ ဘီးသုံးဘီးပါတဲ့ စက်ဘီးလေး တစ်ခုသာပိုင်ပါသတဲ့။
ဒီတော့ အိုလံပစ်ပွဲကို ကြည့်ချင်လှတဲ့ အဖိုးအိုဟာ
သူ့ရဲ့ သုံးဘီးစက်ဘီးလေးနဲ့ပဲ လန်ဒန်ကို အရောက်သွားဖို့
ဆုံးဖြတ်လိုက်ပါသတဲ့။ ဒီလိုနဲ့ ၂၀၁၀ မေလ ၂၃ ရက်နေ့မှာ အဖိုးအိုဟာ
သူ့အိမ်ကနေ
စတင်ပြီးတော့ ထွက်ခွာခဲ့တာ ဇူလိုင် ၉ ရက်နေ့မှာတော့ လန်ဒန်မြို့ကြီးကို
ရောက်ခဲ့ပါသတဲ့။ အဖိုးအိုဟာ ကီလိုမီတာပေါင်း ၆ သောင်းကျော်ကို
နိုင်ငံပေါင်း
၁၆ နိုင်ငံကို ကျော်ဖြတ်ပြီးတော့ လန်ဒန်ကို အရောက်လာခဲ့တာပါ။
ခရီးတလျှောက်လုံးမှာ ရေလွှမ်းမှု့တွေ၊ စစ်ပွဲတွေ၊
တောင်တွေ၊ -၃၀ အောက်အထိ အေးနေတဲ့ ရာသီဥတုတွေကို ကြံကြံခံပြီးတော့
ခရီးနှင်ခဲ့ပါသတဲ့။
သူလန်ဒန်ကိုရောက်သာရောက်လာတာ အင်္ဂလိပ်လို
တစ်လုံးမှ မပြောတတ်ပါဘူးတဲ့။ တရုတ်လို တစ်လုံးစ
နှစ်လုံးစပြောတတ်တဲ့ မစ္စတာ ဘီစတင်နဲ့ တွေ့တော့မှသာ သူကို
တရုတ်ပြည်ကမှန်းသိလို့ တရုတ်တန်းကို
ခေါ်သွားကာ ဖြစ်ကြောင်းရယ်မှ ကုန်စင် ပြောပြခိုင်းပြီး အဖိုးအိုရဲ့
အဖြစ်အပျက်ကို သိရပါသတဲ့။ အဖိုးအိုကတော့ ပြောပါတယ် “လန်ဒန်မြို့ဟာ လှပတဲ့
မြို့တစ်မြို့ပါပဲတဲ့”
သူ့ခရီးစဉ်အစကတော့ မလေးရှားနဲ့ ထိုင်းနိုင်ငံဖြစ်ပါသတဲ့။ အဲ့ဒီမှာ အပူချိန်က ၃၈ စဲစီအက်စ်လောက်ရှိတော့ သူဟာ
အပူဒဏ်ကို ခံစားရပါတယ်။ ထိုင်းနိုင်ငံရောက်တော့
ရေကြီးမှု့တွေထဲ အဖိုးအိုဟာ ရောယောင်ပါသွားပြန်ပါတယ်။ နောက် အရှေ့တောင်အာရှကနေထွက်ဖို့ မြန်မာနိုင်ငံကို
ဗီဇာဝင်ခွင့်လျှောက်တာ ငြင်းပယ်ခံရပါသတဲ့။
ဒါနဲ့ပဲ သူဟာ တိဗက်ကို စက်ဘီးနင်းပြီး ပြန်ခဲ့ပါတယ်။ တိဘက်ရဲ့ မြင့်မားလှတဲ့ မီတာ ၇၀၀၀ ကျော်တဲ့ တောင်တန်းကြီးတွေကို
စက်ဘီးနင်းပြီးကျော်ဖြတ်ပြီးတော့ သူဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ပြီးတော့ တူရကီနိုင်ငံကို
ရောက်ပါတယ်။ တူရကီကိုရောက်တော့ - ၃၀ လောက်အထိ
အေးလှတဲ့ ရာသီဥတုနဲ့ ကြုံရပြန်ပါတယ်။ အဖိုးအိုကတော့
သူဟာ နှင်းတွေထဲမှာ ၄ရက်လောက်ကို နေခဲ့ရပါသတဲ့။
သူဟာ ခရီးစဉ်တစ်လျှောက်လုံး လမ်းတစ်လျှောက်က လူတွေ လှူဒါန်းတာလေးတွေနဲ့ သူ့ကိုယ်သူ
အားတင်းပြီးတော့ လန်ဒန်အိုလံပစ်ပွဲတော်ကြီးကို လာခဲ့ပါသတဲ့။
No comments:
Post a Comment