ကျွန်တော်တို့ဘ၀မှာ
ခြေထောက်နှစ်ဖက်မရှိတော့ဘူးဆိုရင်ဘယ်လိုခံစားရမလဲ?
ခြေထောက်နှစ်ဖက်မရှိ
တာနဲ့ အရာရာ ဆုံးရှုံးသွားပြီလား? ၂၀၁၂ လန်ဒန်
အိုလံပစ်မှာတော့ ထူးထူးခြားခြား အပြေးသမား တစ်ယောက်ဟာ
တောင်အာဖရိကနိုင်ငံကိုကိုယ်စားပြုပြီးတော့ဝင်ရောက်လာတယ်။သူ့မှာ
ခြေထောက်နှစ်
ဖက်မရှိဘူး။ သူဟာ အထူးတီထွင်ထားတဲ့ သတ္တုစပ် ခြေတုကို
အသုံးပြုပြီးတော့
သာမန်ခြေထောက်ပါရှိတဲ့ လူတွေနဲ့အတူပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ ၂၀၀၈
ဘေဂျင်းအိုလံပစ်မှာတုန်းကတော့ သူဟာ တောင်အာဖရိကနိုင်ငံကိုယ်စား
အိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့
ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ မဆုတ်မနစ် ဇွဲလုံလတွေကြောင့်
ခုတော့
လန်ဒန် ၂၀၁၂မှာ သူ့အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး အပြေးသမားတွေထဲက
တစ်ယောက်အဖြစ်
ပြသခွင့်ရဖို့ အကောင်အထည်ပေါ်ခဲ့ပါပြီ။ ပြီးခဲ့တဲ့
သြဂုတ်လေးရက်နေ့တုန်းက ပြိုင်ပွဲဝင်ငါးယောက်နဲ့အတူ မီတာ ၄၀၀ ပြေးပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ
ဒုတိယနေရာကနေ ပန်းဝင်သွားလို့ ခုဆိုရင် ဆီမီးဖိုင်နယ်ကို
တက်ရောက်ခွင့်ရသွားပါပြီ။ သူကတော့ Oscar Pistorius လို့ခေါ်တဲ့ “Blade
Runner” ပါပဲ။
No comments:
Post a Comment