ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Thursday, July 26, 2012

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၀အပြီး ဂိုးသွင်း အများဆုံးစာရင်း၌ ဆာဆာ ဆက်လက်ရပ်တည်နေ


MNL Myanmar 2012 ပြိုင်ပွဲ ပွဲစဉ် ၂၀  ယှဉ်ပြိုင်အပြီးအထိ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းတွင် ဇေယျာရွှေမြေတိုက်စစ်မှူးဆာဆာက သွင်းဂိုး ၁၈ဂိုးဖြင့်ဦးဆောင် နေဆဲ ဖြစ်သည်။ ၎င်း၏ နောက်တွင် ကမ္ဘောဇကွင်းလယ် ကစားသမား နူးနက်စ်ကသွင်းဂိုး ၁၄ဂိုးဖြင့် ဒုတိယနေရာမှ ကပ်လိုက်လျက်ရှိသည်။ ပြီးခဲ့သည် MNL Myanmar 2012 ပွဲစဉ် ၁၈တွင် ဆာဆာနှင့် နူးနက်စ်တို့မှာ
၅ဂိုးကွာခြားခဲ့သည်။ နေပြည်တော်တိုက်စစ်မှူး လီအန်ဒရိုတို့က သွင်းဂိုး ၁၃ဂိုး စီဖြင့် တတိယနေရာမှ ရပ်တည်နေပြီး။

မကွေးကစားသမား ကိုနေးက သွင်းဂိုး ၁၃ ဂိုး ဖြင့်လည်းကောင်း ၊ ရတနာပုံကစားသမား ကိုနေးအဒမ်မာတို့က ၁၂ ဂိုးဖြင့်
လည်းကောင်း အသီးသီး သွင်းယူထားသည်။ MNL Myanmar 2012 ပွဲစဉ် ၁၈တွင် ရက္ခပူရယူနိုက်တက် တိုက်စစ်မှူး
အန်ဒရေမှာ သွင်းဂိုး ၇ ဂိုးဖြင့် အဆင့် ၉နေရာတွင် ရပ်တည် နေရာမှ ပွဲစဉ် ၂၀အရောက်တွင် အဆင့် ၆နေရာအထိ
တက်လှမ်းနိုင်ခဲ့သည်။



MNL Myanmar 2012 ဂိုးအများဆုံးသွင်းထားသူများစာရင်း
၁။ Ramkovic Sa Sa ( ဇေယျာရွေမြေ)    ၁၈ဂိုး
၂။ Nunez (ကမ္ဘောဇ)                        ၁၄ဂိုး
၃။ Leandro D. L ( နေပြည်တော် )        ၁၃ဂိုး
၎။ Kone (မကွေး)                            ၁၃ဂိုး
၅။ Kone Adama (ရတနာပုံ)               ၁၂ဂိုး
၆။ Andrey (ရက္ခပူရ)                        ၁၁ဂိုး
၇။ စိုးမင်းဦး (ကမ္ဘောဇ)                        ၁၀ဂိုး
၈။ Jupiter (ဧရာဝတီယူနိုက်တက်)          ၉ဂိုး
၉။ ရန်ပိုင် ( ရတနာပုံ)                          ၉ဂိုး
၁၀။Assale ( မနောမြေ)                       ၉ဂိုး

No comments:

Post a Comment

Comment (မှတ်ချက်)


HTML