ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Thursday, July 26, 2012

GTalk ဂျီတော ပြဿနာဖြစ်နေပါသဖြင့် ကမ္ဘာတစ်လွှား ဂျီတော online အဖြစ်မမြင်ရဘဲ အားလုံး off-line အနေဖြင့်သာ မြင်နေရကြောင်း အသိပေးပြောကြား။

ကမ္ဘာနဲ့အ၀ှမ်း Gtalk သုံးမရ ……
ဒီနေ့ မြန်မာစံတော်ချိန်ညနေ ၅ နာရီ ၁၀ မိနစ်လောက်ကနေစပြီး Gtalk ကို သုံးမရတော့တာပါ။ ကိုယ့်ရဲ့ Gtalk account မှာတော့ online ရှိနေပြီး ကိုယ့်ရဲ့ သူငယ်ချင်းတွေအားလုံးကို offline အနေနဲ့ပဲ မြင်ရ ပါတော့တယ်။ Offline message လည်း ပို့လို့ မရတော့ ပါဘူး။ဒါ့အပြင် Gmail, Google + စတာတွေကနေ ၀င်လို့ရတဲ့ Chat function တွေအားလုံးပါ ပြတ်ေ နတာ ဖြစ်ပါတယ်။ဒီလိုပြတ်တောက်မှုတွေဟာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ UAE နဲ့ အင်္ဂလန် အပါအ၀င် နိုင်ငံတော်တော်များများမှာ ဖြစ်နေတာပါ။ တချို့နိုင်ငံတွေမှာတော့ ဒီနေ့မနက်ခင်းကတည်းက Google က ပေးထားတဲ့ ၀န်ဆောင်မှုတွေ၊ အထူးသဖြင့် Gtalk နဲ့ GmailChat တွေဟာ အလု ပ်ကောင်းကောင်းမလုပ်ဘူးလို့ ဆိုကြပါတယ်။

Google ကတော့ သူ့ရဲ့ App Status စာမျက်နှာမှာ Gtalk ပြတ်ရတာကို သူတို့ သတိပြုမိကြောင်း၊ ပြဿနာအဖြေရှာပြီး အဆင်ပြေဖို့ ကြိုးစားနေကြောင်း၊ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ထုတ်ပြန်သွားပေးမယ်လို့ ရေးသားထားပါတယ်။

 From ~ IT,News,နည်းပညာ,သတင်း

No comments:

Post a Comment

Comment (မှတ်ချက်)


HTML