ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Thursday, July 26, 2012

ဆူဇူကီးခြေစစ်ပွဲအတွက် အာဆီယံထိပ်တန်းအသင်းတစ်သင်းနှင့်ခြေစမ်းမည်


မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၂ ဆူဇူကီးဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အာဆီယံထိပ်တန်းအသင်းတစ်သင်းနှင့်သြဂုတ်လ(၁၅)ရက်နေ့တွင် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာနိုင်
ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် အဆိုပါခြေစမ်းပွဲအတွက် ထိုင်း၊စင်ကာပူနှင့် အင်ဒိုနီးရှား လက်ရွေးစင် အသင်းများသို့ ဆက်သွယ်အကြောင်းကြားထားပြီး ရန်ကုန်မြို့တွင်ဖြစ်စေ၊ ခြေစမ်းမည့်အသင်း၏ နိုင်ငံတွင်ြ ဖစ်စေယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

" အကောင်းဆုံးကတော့ ပြည်ပထွက်ပြီး ခြေစမ်းတာမျိုးကို ပိုသဘောကျပါတယ်။ ဒီမှာကစားတာထက် ပြည်ပသွားကစားတာက ကစားသမားတွေ
ရဲ့စိတ်ကို လန်းဆန်းစေပါတယ်။ အတွေ့အကြုံရသလို ပြိုင်ဘက်အသင်းထံကနေ သင်ယူစရာတွေလည်း ရတာပေါ့။ ဒီမှာကစားမယ်ဆိုရင်လည်း
အနိုင်ရဖို့ဆိုတဲ့စိတ်ထက် ပြင်ဆင်ဖို့ဆိုတဲ့စိတ်မျိုးပဲ ထားသင်တယ်။ ကိုယ့်အသင်းကစားပုံအတွက် လိုတာပြင်မယ်။ ကစားသမားတွေလည်း ပြိုင်ဘက်
အသင်းထံကနေ ကောင်းတဲ့အချက်တွေကို သင်ယူရမယ်" ဟု မြန်မာအသင်းနည်းပြချုပ် ပက်ဆောင်ဟွာက ပြောကြားခဲ့သည်။



မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် အောက်တိုဘာ ပထမအပတ်အတွင် ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်များကို ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားရ
မည်ဖြစ်ပြီး မိမိပရိသတ်ရှေ့မှောက်တွင် အောင်မြင်မှုများရရှိရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ ပက်ဆောင်ဟွာ အနေဖြင့် ယူ-၂၂ ခြေစစ်ပွဲဝင်စဉ်က
နည်းပြအုပ်ချုပ် အဖွဲ့ဖြင့်သာ ထပ်မံလက်တွဲသွားလိုကြောင်း၊ တိုက်စစ်မှူးအပါအ၀င် ကစားသမားများရွေးချယ်ရေးအတွက် MNL ပွဲစဉ်များကို စောင့်
ကြည့်နေဆဲဖြစ်ပြီး ခြေစမ်းပွဲမတိုင်မီ ပဏာမလူစာရင်းကို တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ပက်ဆောင်ဟွာနှင့် နည်းပြအဖွဲ့သည် ဆူဇူကီးဖလားပြိုင်ပွဲဝင်ရန် ပဏာမလူစာရင်းအား ကစားသမား(၂၈)ဦးဖြင့် စတင်ဖွဲ့စည်းသွားမည်ဖြစ်သည်။
" အခုအချိန်မှာ ခြေစစ်ပွဲအောင်ဖို့ကိုပဲ အရင်ဆုံး ပစ်မှတ်ထားပါတယ်။ ခြေစစ်ပွဲအောင်ပြီးမှ နောက်တစ်ဆင့်အတွက် စဉ်းစားမှာပါ။ " ဟုပက်ဆောင်
ဟွာက ပြောကြားခဲ့သည်။

No comments:

Post a Comment

Comment (မှတ်ချက်)


HTML