ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Thursday, July 26, 2012

မြေမြိုသွားတဲ့ လမ်းမကြီး


          တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က လမ်းမကြီးတစ်ခုမှာတော့ ရုတ်တရက် တွင်းကြီး တစ်ခုဖြစ်သွားပြီး မနက်စောစောမောင်းလာတဲ့ BMW ကားကို မြိုလိုက်ပါသတဲ့။  မီတာ ၃၀ ပတ်လည်လောက်ကျယ်တဲ့ အဆိုပါတွင်းကြီးထဲကို ကျသွားတဲ့ ကားပေါ်မှာ ခရီးသည် ၃ ယောက် ပါလာပြီးတော့ ၁ ယောက်ကတော့ ပွဲချင်ြး ပီး သေဆုံး သွားတယ်လို့ဆိုပါတယ်။ ချန်ရှားမြို့ရဲ့ ရှန်ကျန်းအဝေးပြေးလမ်းမကြီးမှာ ဒီလိုမျိုးကြီးမတဲ့ အပေါက်ကြီး မနက်စောစောပိုင်းမှ ဖြစ်လာတယ်လို့ ဆိုပါတယ်။  ယန်ဇီမြစ်ကမ်းဘေးမှာ ရှိတဲ့ အဆိုပါ လမ်းမကြီးဟာ ဘာအတွက်ကြောင့် ဒီလိုမျိုး အပေါက်ကြီး ဖြစ်သွားရတယ်ဆိုတာကိုတော့ စုံစမ်း ဆဲ ဖြစ်ပါသတဲ့။  ဒီလိုမျိုး ကမ္ဘာ့မြေမျက်နှာပြင်မှာ အပေါက်ကြီးတွေ ဖြစ်ပေါ်တတ်တာကတော့ ကမ္ဘာ အ၀ှမ်းမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။  အရွယ်အစားကလည်း ၁ မီတာကနေ ၆၀၀ မီတာအထိ ကျယ်နိုင်သလို၊ နက်လည်း နက်နိုင်ပါတယ်။  မြေအောက် မြေသားလွှာတွေ ရေတိုက်စား သွားတဲ့ အခါမျိုး၊ မြေသားပျော့တဲ့နေရာတွေကို ရေတိုက်စားသွားတဲ့အခါမျိုးမှာတော့ ဒီလိုမျိုး အပေါက်ကြီးေ တွ ဖြစ်လာနိုင်ပါတယ်။  ကဲ.. ကားစီးရင်း ဘုရားစာလေး ဘာလေး ရွတ်ကြစို့ရယ်..
 


No comments:

Post a Comment

Comment (မှတ်ချက်)


HTML