၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက်
တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများကို ဇူလိုင်လ ၂၄ရက်နေ့မှစ၍
ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အမှတ်စာရင်း၊ ရမှတ် အဆင့်၊ တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်စာအုပ်နှင့်
တက္ကသိုလ်ဝင်ခွင့်ပုံစံများကို မိမိဖြေဆိုခဲ့သည့် သက်ဆိုင်ရာစာစစ်ဌာနရှိ
ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင်လ၂၄ ရက်မှ သြဂုတ်လ
၁၅ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တွင် ပိတ်ရက်မရှိ
လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက
အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၊ ဖုန်း ၅၃၇၆၇၇၊ ၅၂၅၆၁၂ သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ထိုသို့လျှောက်ထားရာတွင် မိမိအမှန်တကယ် တက်ရောက်လိုသော
သက်ဆိုင်ရာတက္ကသိုလ်ကို တိကျစွာ ရေးသားဖော်ပြရန်လိုပြီး ဦးစားပေးအလိုက်
တခြားတက္ကသိုလ်များကိုပါ လျှောက်ထားရန်လည်းလိုအပ်သည်ဟု သိရသည်။ |
No comments:
Post a Comment