ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Thursday, July 26, 2012

မြန်မာအမျိုးသမီးဘောလုံးအသင်း ဂျပန်နိုင်ငံတွင် ၁၀ရက်ကြာ ပူးတွဲလေ့ကျင့်မှုများပြုလုပ်သွားမည်


မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည်  စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ တွင် ကျင်းပပြုလုပ်မည့်အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၁ရက်နေ့အထိ ဂျပန်နိုင်ငံ၊အိုဆာကာမြို့သို့သွားရောက်ပြီး ပူးတွဲလေ့ကျင့်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။





ယခင်ကအဆိုပါပူးတွဲလေ့ကျင်ရေးခရီးစဉ်ကို  သြဂုတ်လ ၂၄ ရက်နေ့မှ  စက်တင်ဘာလ ၃ရက်နေ့အထိ သတ်မှတ်ခဲ့သော်လည်း
ယခုအခါတွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့ အထိ  ပြောင်းလဲသတ်မှတ်ခြဲ့ပီး လေ့ကျင့်ရေးခရီးစဉ်ပြီးဆုံးပါက စက်တင်
ဘာလ ၁၃ရက်နေ့မှ ၂၂ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၁၂ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံ
ရှစ်ဘောလုံးပြိုင်ပွဲ့ကို ဆက်လက်ထွက်ခွာသွားမည်ဖြစ်သည်။



 
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတွင် အုပ်ချုပ်သူ၊ နည်းပြအဖွဲ့ဝင် ၅ဦး၊ ကစားသမား ၂၃ဦး လိုက်ပါမည်ဖြစ်ပြီး ဂျပန်
နိုင်ငံ၊ အိုဆာကာမြို့ တွင် ဂျပန်အမျိုးသမီးကလပ်အသင်း ၃သင်းခန့်ဖြင်ခြေစမ်းပွဲများလည်း ကစားသွားမည် ဖြစ်သည်။ထိုပူးတွဲလေ့
ကျင့်ရေးခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၇၀၀၀၀ ခန့်ကုန်ကျမည်ဖြစ်ပြီး အဆိုပါငွေကြေးများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ
ကျခံမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နေထိုင်စားသောက်မှုနှင့်လေ့ကျင့်ရေးကွင်းများကိုဂျပန်ဘောလုံး
အဖွဲ့ချုပ်မှကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

No comments:

Post a Comment

Comment (မှတ်ချက်)


HTML