ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Monday, August 6, 2012

ကမ္ဘာ့ အကုန်အကျ အများဆုံး ခွေးမင်္ဂလာဆောင်


             နယူးယောက်မှာတော့ ခွေးသတို့သမီး Baby Hope Diamond နဲ့ ခွေးသတို့သား Chilly Pasternak ဆိုတဲ့ ခွေးတို့ကို ဆင်စီးပြီး မြင်းရံ၊ တူစုံနွဲလို့ ခြိမ့်ခြိမ့်သည်း မင်္ဂလာဆောင်ပေး လိုက် တာ ဒေါ်လာ ၁ သိန်းခွဲကျော် ကုန်သွားလို့ ကမ္ဘာ့ေ ဈးအကြီးဆုံး ခွေးမင်္ဂလာဆောင်အဖြစ် ဂင်းနစ် စံချိန်ဝင်သွားပါတဲ့။  ဒီမင်္ဂလာပွဲကိုတော့ Baby Hope Diamond ရဲ့ သခင် ဖြစ်သူ Wendy Diamond ကဆိုတဲ့  တိရိစ္ဆာန်များ ရေးရာ အဖွဲ့မှာ တက်တက်ကြွကြွဆောင်ရွက်တဲ့ ခွေးချစ်တဲ့ ပိုင်ရှင်က Humane Society of New York(ပိုင်ရှင်မရှိတဲ့ အိမ်မွေး တိရိစ္ဆာန်လေးတွေကို ထိန်းသိမ်းေ စာ င့်ရှောက်ပေးနေတဲ့ ဂေဟာ) ကိုရံပုံငွေ ရရှိစေဖို့အတွက် ကျင်းပပေးခဲ့ပါသတဲ့။  စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၅၈၁၈၇.၂၆ ဖြစ်ပါသတဲ့။  မင်္ဂလာဆောင်တာမှ ရိုးရိုးတောင်မဟုတ်သေးဘူးတဲ့ဗျား… နာမည်ကြီး မင်္ဂလာဆောင်ပွဲစီစဉ်သူ၊ တက်ရောက်လာတဲ့ ခွေးတွေအတွက် အ၀ဆွဲ ဘူဖေး စသည်စသည်တို့ ပါဝင်ပါသတဲ့ဗျား။  ဒီအတွက် အားလုံးကို အလှူရှင်တွေက လှူဒါန်းခဲ့တာဖြစ်ပါသတဲ့။  မင်္ဂလာပွဲကို တက်ရောက်ဖို့လည်း လက်မှတ်ဝယ်ယူပြီး တက်ရောက်ခဲ့ကြပါသတဲ့။  လက်မှတ်ဖိုးငွေကိုတော့ Manhattan fundraiser ကို လှူဒါန်းမှာဖြစ်ပါတယ်။  သတို့သမီး ကတော့ ပေါ့သေးသေးခွေးမဟုတ်ပါဘူးတဲ့.. Twilight ဇာတ်ကားထဲက နာမည်ကြီး မင်းသမီး  Kristen Stewart အပါအ၀င် နာမည်ကြီး ၃၀၀ ကျော်နဲ့ ဓာတ်ပုံတွဲအရိုက်ခံဖူးလို့ နာမည်ကြီးများနှင့် ဓာတ်ပုံတွဲအရိုက်ခံဖူးဆုံးခွေး ဆိုပြီးတော့ ဂင်းနစ်မှတ်တမ်းဝင် ခွေးဖြစ်ပါသတဲ့ဗျား။  အလုပ်မရှိ ကြောင်ရေချိုး.. အဲလေ အလုပ်မရှိ ခွေးမင်္ဂလာဆောင် လို့ပြောရမလို ဖြစ်နေပြီ။


No comments:

Post a Comment

Comment (မှတ်ချက်)


HTML