ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Showing posts with label ထူးထူးခြားခြား. Show all posts
Showing posts with label ထူးထူးခြားခြား. Show all posts

Monday, August 6, 2012

အိုလံပစ် သမိုင်းကြောင်း စိတ်ဝင်စားစရာလေးတွေပါ

ကမ္ဘာ့ အကုန်အကျ အများဆုံး ခွေးမင်္ဂလာဆောင်


             နယူးယောက်မှာတော့ ခွေးသတို့သမီး Baby Hope Diamond နဲ့ ခွေးသတို့သား Chilly Pasternak ဆိုတဲ့ ခွေးတို့ကို ဆင်စီးပြီး မြင်းရံ၊ တူစုံနွဲလို့ ခြိမ့်ခြိမ့်သည်း မင်္ဂလာဆောင်ပေး လိုက် တာ ဒေါ်လာ ၁ သိန်းခွဲကျော် ကုန်သွားလို့ ကမ္ဘာ့ေ ဈးအကြီးဆုံး ခွေးမင်္ဂလာဆောင်အဖြစ် ဂင်းနစ် စံချိန်ဝင်သွားပါတဲ့။  ဒီမင်္ဂလာပွဲကိုတော့ Baby Hope Diamond ရဲ့ သခင် ဖြစ်သူ Wendy Diamond ကဆိုတဲ့  တိရိစ္ဆာန်များ ရေးရာ အဖွဲ့မှာ တက်တက်ကြွကြွဆောင်ရွက်တဲ့ ခွေးချစ်တဲ့ ပိုင်ရှင်က Humane Society of New York(ပိုင်ရှင်မရှိတဲ့ အိမ်မွေး တိရိစ္ဆာန်လေးတွေကို ထိန်းသိမ်းေ စာ င့်ရှောက်ပေးနေတဲ့ ဂေဟာ) ကိုရံပုံငွေ ရရှိစေဖို့အတွက် ကျင်းပပေးခဲ့ပါသတဲ့။

အိုလံပစ်ကြည့်ဖို့ တရုတ်ကနေ လန်ဒန်ကို စက်ဘီးစီးသွားတဲ့ အဖိုး


               အိုလံပစ်ပွဲကြီးကျင်းပတော့ တကမ္ဘာလုံးကလူတွေ ရုပ်မြင်သံကြားကနေ ကြည့်ကြသပေါ့။  ဒါပေမယ့် အိုလံပစ်ပွဲတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်တဲ့ ငွေကြေးတတ်နိုင်တဲ့ လူများကျတော့လည်း လန်ဒန်ကို သွားကြည့်ကြတာပေါ့လေ။  တရုတ်နိုင်ငံက လယ်သမား အဖိုးအိုက ချန်ကွမ်းမင် တော့ အင်္ဂလိပ်စကားလည်း မပြောတတ်၊ ငွေကလည်း မတတ်နိုင်၊ သူ့မှာ ရှိတာဆိုလို့ ဘီးသုံးဘီးပါတဲ့ စက်ဘီးလေး တစ်ခုသာပိုင်ပါသတဲ့။ 

ထီးရောင်စုံနဲ့ လှနေတဲ့မြို့ကလေး


ပေါ်တူဂီနိုင်ငံက Agueda ဆိုတဲ့ မြို့ကလေးဟာ မှာ ဇူလိုင်လရောက်ရင် လမ်းတစ်ချို့မှာ ခုလိုမျိုး ထီးကလေးတွေ ရောင်စုံ လမ်းမပေါ်မှာ မိုးလို့ လှချင်တိုင်း လှနေပါသတဲ့။  ဒီပုံလေးကို Patricia Almeida ရဲ့ Flickr ကနေ ကူးယူဖော်ပြပါတယ်။  စိတ်ကူးကောင်းကောင်းလေးနဲ့ ဖန်တီးထားတာမို့ တော်တော်လေး ကြိုက်မိပါတယ်။  တစ်နေ့တော့ ကျွန်တော်လည်း ကျွန်တော့်ခြံထဲမှာ ဒီလိုမျိုး ထီးရောင်စုံမိုးကြည့်ချင်သေးသပ။




Oscar Pistorius သို့ ခြေထောက်မရှိတဲ့ အမြန်ဆုံး အပြေးသမား

           
 
 
 
 
 
 
 
 
 
 ကျွန်တော်တို့ဘ၀မှာ ခြေထောက်နှစ်ဖက်မရှိတော့ဘူးဆိုရင်ဘယ်လိုခံစားရမလဲ?  ခြေထောက်နှစ်ဖက်မရှိ
တာနဲ့ အရာရာ ဆုံးရှုံးသွားပြီလား?  ၂၀၁၂ လန်ဒန် အိုလံပစ်မှာတော့ ထူးထူးခြားခြား အပြေးသမား တစ်ယောက်ဟာ တောင်အာဖရိကနိုင်ငံကိုကိုယ်စားပြုပြီးတော့ဝင်ရောက်လာတယ်။သူ့မှာ ခြေထောက်နှစ်
ဖက်မရှိဘူး။  သူဟာ အထူးတီထွင်ထားတဲ့ သတ္တုစပ် ခြေတုကို အသုံးပြုပြီးတော့ သာမန်ခြေထောက်ပါရှိတဲ့ လူတွေနဲ့အတူပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ 

Thursday, July 26, 2012

ငယ်ပါထွားသူတစ်ဦး လေဆိပ်မှာ လုံခြုံရေးကြောင့် အခက်ကြုံ

အမေရိကန်နိုင်ငံတစ်ဝန်း လေကြောင်းခရီးနဲ့ ခရီးသွားလာဖူးသူများ တစ်နိုင်ငံလုံးမှာရှိတဲ့ တင်းကျပ်တဲ့ လေဆိပ်လုံခြုံရေး အကြောင်း တစေ့တစောင်း သိကောင်း သိကြပါလိမ့်မယ်။   လေဆိပ်လုံခြုံရေး အရ နိုင်ငံ့ခေါင်း ဆောင်များနှင့် ထိပ်တန်း အရာရှိကြီး များမှအပ ကျန် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ နှင့် ကလေးပါမကျန် ခရီးသွား အားလုံးဟာ မိမိတို့ဝတ်ဆင်လာတဲ့ ဖိနပ် နဲ့ ပိုက်ဆံအိတ်ကအစ ခါးပတ် အဆုံး ပါသမျှကို X-ray Scanner နဲ့ စစ်ဆေးခံကြရပါတယ်။ အခန့်မသင့်လို့ သံသယရှိရင်တော့ ကိုယ်လုံးပေါ် Scanner နဲ့ ထပ်မံ စစ်ဆေးခံရပါဦးမယ်။ ဒီ့ထက်ပိုပြီး သင်္ကာမကင်းဖြစ်ရင်တော့ လှန်လှောပြီး စစ်ဆေးခံရပါလေဦးမယ်။

မြေမြိုသွားတဲ့ လမ်းမကြီး


          တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က လမ်းမကြီးတစ်ခုမှာတော့ ရုတ်တရက် တွင်းကြီး တစ်ခုဖြစ်သွားပြီး မနက်စောစောမောင်းလာတဲ့ BMW ကားကို မြိုလိုက်ပါသတဲ့။  မီတာ ၃၀ ပတ်လည်လောက်ကျယ်တဲ့ အဆိုပါတွင်းကြီးထဲကို ကျသွားတဲ့ ကားပေါ်မှာ ခရီးသည် ၃ ယောက် ပါလာပြီးတော့ ၁ ယောက်ကတော့ ပွဲချင်ြး ပီး သေဆုံး သွားတယ်လို့ဆိုပါတယ်။ ချန်ရှားမြို့ရဲ့ ရှန်ကျန်းအဝေးပြေးလမ်းမကြီးမှာ ဒီလိုမျိုးကြီးမတဲ့ အပေါက်ကြီး မနက်စောစောပိုင်းမှ ဖြစ်လာတယ်လို့ ဆိုပါတယ်။  ယန်ဇီမြစ်ကမ်းဘေးမှာ ရှိတဲ့ အဆိုပါ လမ်းမကြီးဟာ ဘာအတွက်ကြောင့် ဒီလိုမျိုး အပေါက်ကြီး ဖြစ်သွားရတယ်ဆိုတာကိုတော့ စုံစမ်း ဆဲ ဖြစ်ပါသတဲ့။  ဒီလိုမျိုး ကမ္ဘာ့မြေမျက်နှာပြင်မှာ အပေါက်ကြီးတွေ ဖြစ်ပေါ်တတ်တာကတော့ ကမ္ဘာ အ၀ှမ်းမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။  အရွယ်အစားကလည်း ၁ မီတာကနေ ၆၀၀ မီတာအထိ ကျယ်နိုင်သလို၊ နက်လည်း နက်နိုင်ပါတယ်။  မြေအောက် မြေသားလွှာတွေ ရေတိုက်စား သွားတဲ့ အခါမျိုး၊ မြေသားပျော့တဲ့နေရာတွေကို ရေတိုက်စားသွားတဲ့အခါမျိုးမှာတော့ ဒီလိုမျိုး အပေါက်ကြီးေ တွ ဖြစ်လာနိုင်ပါတယ်။  ကဲ.. ကားစီးရင်း ဘုရားစာလေး ဘာလေး ရွတ်ကြစို့ရယ်..

သြော်.. ဆိုင်းဘုတ် ဆိုင်းဘုတ် ၂

ဂူဂဲလ်မှာ တွေ့သမျှ ဆိုင်းဘုတ်လေးတွေ တင်ပေးလိုက်ပါတယ်။  ရယ်မော ပျော်ရွှင်နိုင်ကြပါစေသောဝ်...    မူရင်း ဓာတ်ပုံ ရိုက်သူတွေကိုတော့ ဒီနေရာကနေပဲ ခရက်ဒစ်ပေးပါရစေခင်ဗျာ။  ဘယ်သူတွေရိုက်လို့ ဘယ်သူတွေက တင်ပြီး ဘယ်လိုများ ပြန့်ပွားသွားလည်းဆိုတာ မသိတဲ့အတွက်.. မူရင်း ဓာတ်ပုံပိုင်ရှင်တွေကို အထူးပဲ ကျေးဇူးတင်ကြောင်းပါ။

စာလုံးပေါင်းလေးလွဲတော့ မတွေးရဲစရာပါလား

သွားကြဦးမလား မြွေအနှိပ်ခန်းတဲ့

          အစ္စရေးနိုင်ငံမှာတော့ ထူးထူးခြားခြား မြွေအနှိပ်ခန်း ဖွင့်ထားတယ်လို့ ဆိုပါတယ်။  ပိုင်ရှင်ဖြစ်သူ အဒါ ဘားရက် ကတော့ သူ့အနှိပ်ခန်းကို လာရင် ကလီဖိုးနီးယားက မြွေ၊ ဖလော်ရီဒါကမြွေ၊ အပြင် မြွေမျိုးစုံနဲ့ နှိပ်ပေး မယ်လို့ ဆိုပါတယ်။  ဘားရက်ကတော့ စပါးကြီြးေ မွနဲ့ ကြီးမားတဲ့ မြွေကြီးတွေကို အသုံးပြုခြင်း အားဖြင့် ခန္ဓာကိုယ်ရဲ့ အကြောတွေကို ဖြေလျှော့ေ ပးနို င်ကြောင်းကို နှစ်ပေါင်းများ စွာ လေ့လာ ခဲ့ပါ သတဲ့။  အနှိပ်ခံသူများဟာ မြွေကြီးတွေနဲ့ ထိတွေ့ပြီးနောက်မှာ သူတို့ရဲ့ စိတ်ဖိစီးမှု့တွေ ကို ပါ ဖြေလျှော့နိုင်တယ်လို့လဲ ဆိုပါတယ်။ 

သွားကြဦးမလား ဖိလစ်ပိုင်က ရေတံခွန် စားသောက်ဆိုင်

               ဖိလစ်ပိုင်နိုင်ငံ ကျူဇွန်ပြည်နယ်က ဗီလာ အက်စ်ကူဒဲရို ဆိုတဲ့ အပန်းဖြေနေရာလေး ကတော့ သွားရောက် လည်ချင့်စဖွယ်နေရာလေး ပါ။  ကျယ်ဝန်းတဲ့ အိမ်နဲ့ခြံတွေမှာ အေးအေးဆေးေ ဆး အနား ယူနိုင်သလို အဓိကစိတ်ဝင်စားဖို့အကောင်း ဆုံး နေရာလေး ကတော့ ရေတံခွန် စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။  သစ်ရွက်သစ်ခက်တွေနဲ့ ပြင်ဆင်ထားတဲ့ စားဖိုမှုးတွေရဲ့ ဒေသခံ အစားအသောက် ပြင် ဆင်မှု့၊ ၀ါးထိုင်ခုံလေးတွေနဲ့ ရေတံခွန်းကြီးေ အာက်မှာ ရေတံက ကျလာတဲ့ စမ်းရေလေးတွေထဲကို ခြေထောက်ချပြီး နေ့လည်စားစားရတဲ့ အရသာဟာ ဘာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။ 

လန်ဒန်ရဲ့ အိုလံပစ်မှာ ဒိုက်ထိုးမယ့် ဘက်စ်ကား


           ချက်နိုင်ငံသား အနုပညာရှင် ဒေးဗစ် ဆန်နီ (David Cerny) ကတော့ ၂၀၁၂ ခုနှစ် လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်အတွက် ထူးထူးခြားခြား ဖန်တီးလိုက်တာကတော့ ဒိုက်ထိုး မယ့် ဘက်စ်ကားပါတဲ့။  ပြီးခဲ့တဲ့ သောကြာနေ့ ကတော့ အဆိုပါကားကို စတင်စမ်းသပ်နိုင်ခဲ့ ပါတယ်။
       ဆန်နီဟာ ဟော်လန်ကနေ အဆိုပါ ဘက်စ်ကားကို ၀ယ်ယူခဲ့ပြီးတော့ ကြီးမားတဲ့ လူသား လက်မောင်းပုံစံ စက်လက်တံကြီးကို တပ်ဆင်ခဲ့တာပါ။  ဒီ လျှပ်စစ်စွမ်းအားသုံး လက်ကြီးတွေဟာ အဆိုပါ ဘက်စ်ကားကို မတင်ပြီးတော့ ဘက်စ်ကားဟာ ဒိုက်ထိုးနိုင်မှာဖြစ်ပါတယ်။  ဘက်စ်ကားကြီး ဒိုက်ထိုးတဲ့အချိန်တိုင်းမှလည်း အားတင်ပြီး ဒိုက်ထိုးတဲ့ အသံထွက်ပေါ်လာမှာဖြစ်ပြီးတော့ ဘက်စ်ကား ရဲ့ ပြုတင်းပေါက်တွေမှာလည်း အရုပ်တွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဟမ်းစတားတို့ရဲ့ ၂၀၁၃ အိုလံပစ်


          ဟမ်းစတားလို့ နာမည်တပ်လိုက်ပေမယ့် ဟမ်းစတား အစစ်တော့မဟုတ်ပါဘူး။  Guinea Pig လို့ခေါ်တဲ့ အိမ်မွေး အကောင်ကလေးတွေရဲ့ အကြောင်းပါ။  လန်ဒန်မှာ ၂၀၁၃ အိုလံပစ်ကြီး နီးလာပြီးဆိုတော့ စီးပွားရေး လုပ်တဲ့လူတွေလည်း နည်းအမျိုးမျိုးနဲ့ ငွေရှာလာကြတာပေါ့လေ။  ခုလည်း Maverick Arts Publishing ကနြေ ပီးတော့ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်လာမယ့် အားကစားနည်းတွေအတိုင်း အဲ့ဒီ Guinea Pig လေးတွေကို ထည့်သွင်းလို့ ပြက္ခဒိန် ထုတ်ဝေလိုက်ပါသတဲ့။  ၀ယ်ယူလိုသူများ http://www.thema vertickshop .com/calandars/ မှာ ၀ယ်လို့ရပါသတဲ့ဗျား။  Guinea Pig အကြောင်းသိချင်ရင်တော့ မပူးပူး ရဲ့ ဆိုဒ်မှာ သွားဖတ်လို့ရပါတယ်။  သူကတော့ ဟမ်းစတား စပယ်ရှယ်လစ် ဖြစ်လေတော့ အဆိုပါ အကောင်လေးတွေအကြောင်း တော်တော်လေး သိပါတယ်။

Comment (မှတ်ချက်)


HTML