ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, August 6, 2012

X20 ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ဖမ်းဆီးပြီး သေဒဏ်၊ ထောင်တစ်သက် တစ်ကျွန်းစသည့် ပြစ်ဒဏ်များ ချမှတ်ခံရသူ ကိုဖြိုးဝေအောင် ပြန်လည်လွတ်မြောက်




၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလအတွင်း X20 မဏ္ဍပ် ဗုံးခွဲမှုမှုဖြင့် စွပ်စွဲ ခံရပြီးနောက် သေဒဏ် ချမှတ်ခံရပြီး ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူ ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံ အမျိုးသားဖျားနာဆောင်မှ အထူးအခပေးအခန်းသို့ ပို့ဆောင်စဉ်
X20 ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ဖမ်းဆီးပြီး သေဒဏ်၊ ထောင်တစ်သက်တစ်ကျွန်းစသည့် ပြစ်ဒဏ်များချမှတ်ခံရသူ ကိုဖြိုး ဝေအောင်သည် ယနေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

Monday, July 23, 2012

၂၃-၀၇-၂၀၁၂ ရက်နေ့ လွှတ်တော်တွင်းမှ သတင်းများ

ပထမ အကြိမ် ပြည်သူ့လွတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ တွင် တတ်ရောက်လာ
သော ဒေါ်အောင်ဆန်းစုကြည် အား တွေ့ ရစဉ် ( ဓာတ်ပုံ-သတင်း )

Ve Ve အချိုရည်စက်ရုံ ၀န်ထမ်းများ ခံစားခွင့် တောင်းဆို ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းမှာရှိတဲ့ နာမည်ကျော် Ve Ve အချိုရည်စက်ရုံက ၀န်ထမ်း ၂၀၀ ကျော်ဟာ သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက် ဒီနေ့မနက် (၇) နာရီခွဲ လောက်က စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

Photo Courtesy of Mg Ba Oo via Facebook

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းရှိ Ve Ve အချိုရည်စက်ရုံက ၀န်ထမ်းများ လစာနှင့် ခံစားခွင့်များ ရရှိရေး အတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ဆန္ဒပြနေကြစဉ်။
လစာနည်းပါးလွန်းတဲ့ အပြင် တခြား အခွင့်အရေးတွေပါ မရရှိတာကြောင့် အခုလို ဆန္ဒပြရတာလို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ကိုဇေယျာဦးက RFA ကို ပြောပါတယ်။

 ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရ




7428a

ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း  သိရှိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ဇူလိုင်လ၂၄ရက်နေ့မှစ၍ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတန်းများ ထုတ်ယူနိုင်မည်




၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများကို ဇူလိုင်လ ၂၄ရက်နေ့မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အမှတ်စာရင်း၊ ရမှတ် အဆင့်၊ တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်ပုံစံများကို မိမိဖြေဆိုခဲ့သည့် သက်ဆိုင်ရာစာစစ်ဌာနရှိ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်ကြောင်း သိရသည်။

 ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် နိုင်ငံတော်အလံများ လွှင့်ထူ




ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ နေအိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၂ ရက်နေ့မှ ကိုးရက်တိုင်တိုင် လွှင့်ထူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Comment (မှတ်ချက်)


HTML