Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Monday, August 6, 2012
Thursday, July 26, 2012
ဝယ်ကြဦးမလား ဘွဲ့လက်မှတ်များ
အကောင်ကြီးကြီး အမြီးရှည်ရှည်ဆိုတာ ကြားဖူးမှာပေါ့။ အမြီးရှည်လို့ အကောင်ကြီး တာလား၊ အကောင်ကြီးလာလို့
အမြီးတွေ ရှည်လာတာလားတော့ သေချာမသိ။ သို့သော်
၂၁ ရာစုမှာတော့ လူတိုင်း အမြီးရှည်မှ အကောင်ကြီးဖို့ ပိုမို အခွင့်အလမ်းရှိမည်ဟု ယုံကြည်လာကြသည်။ ဆိုလိုတာက ရာထူးကြီးကြီးရဖို့ရာ အတွေ့အကြုံ သာမက
ပညာရေး လက်မှတ်တွေလည်း လိုလာ ကြသည်။ ပညာရေးလက်မှတ်တွေ ရှိမှ ရာထူြး မင့်မြင့်ရနိုင်မယ်လို့
ယုံကြည်လာကြလေတော့ များများလေ့လာရမှာပေါ့လေ။
များများလေ့လာနို င်ဖို့ ကတော့ တက္ကသိုလ်တွေတက်ပေါ့။ တက္ကသိုလ်တွေက ကျင်းပတဲ့စာမေးပွဲတွေကို အရည်အချင်း ရှိရှိ
ဖြေနိုင်ရင်တော့ ဘွဲ့လက်မှတ်ရ၊ ရတော့ အမြီးထပ်ရှည်၊ ရာထူးတိုးဖို့ ပိုလွယ် ဒီလိုမျိုးပေါ့။ ဆိုလိုတာက တတ်ထားတဲ့ ဘွဲ့ဟာ အသုံးချလုပ်ငန်းအတွက်
အထောက်အကူဖြစ်ရမယ်ကို ဆိုလိုတာပါ။
Subscribe to:
Posts (Atom)


