ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Monday, August 6, 2012

X20 ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ဖမ်းဆီးပြီး သေဒဏ်၊ ထောင်တစ်သက် တစ်ကျွန်းစသည့် ပြစ်ဒဏ်များ ချမှတ်ခံရသူ ကိုဖြိုးဝေအောင် ပြန်လည်လွတ်မြောက်




၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလအတွင်း X20 မဏ္ဍပ် ဗုံးခွဲမှုမှုဖြင့် စွပ်စွဲ ခံရပြီးနောက် သေဒဏ် ချမှတ်ခံရပြီး ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူ ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံ အမျိုးသားဖျားနာဆောင်မှ အထူးအခပေးအခန်းသို့ ပို့ဆောင်စဉ်
X20 ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ဖမ်းဆီးပြီး သေဒဏ်၊ ထောင်တစ်သက်တစ်ကျွန်းစသည့် ပြစ်ဒဏ်များချမှတ်ခံရသူ ကိုဖြိုး ဝေအောင်သည် ယနေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

အိုလံပစ် သမိုင်းကြောင်း စိတ်ဝင်စားစရာလေးတွေပါ

ကမ္ဘာ့ အကုန်အကျ အများဆုံး ခွေးမင်္ဂလာဆောင်


             နယူးယောက်မှာတော့ ခွေးသတို့သမီး Baby Hope Diamond နဲ့ ခွေးသတို့သား Chilly Pasternak ဆိုတဲ့ ခွေးတို့ကို ဆင်စီးပြီး မြင်းရံ၊ တူစုံနွဲလို့ ခြိမ့်ခြိမ့်သည်း မင်္ဂလာဆောင်ပေး လိုက် တာ ဒေါ်လာ ၁ သိန်းခွဲကျော် ကုန်သွားလို့ ကမ္ဘာ့ေ ဈးအကြီးဆုံး ခွေးမင်္ဂလာဆောင်အဖြစ် ဂင်းနစ် စံချိန်ဝင်သွားပါတဲ့။  ဒီမင်္ဂလာပွဲကိုတော့ Baby Hope Diamond ရဲ့ သခင် ဖြစ်သူ Wendy Diamond ကဆိုတဲ့  တိရိစ္ဆာန်များ ရေးရာ အဖွဲ့မှာ တက်တက်ကြွကြွဆောင်ရွက်တဲ့ ခွေးချစ်တဲ့ ပိုင်ရှင်က Humane Society of New York(ပိုင်ရှင်မရှိတဲ့ အိမ်မွေး တိရိစ္ဆာန်လေးတွေကို ထိန်းသိမ်းေ စာ င့်ရှောက်ပေးနေတဲ့ ဂေဟာ) ကိုရံပုံငွေ ရရှိစေဖို့အတွက် ကျင်းပပေးခဲ့ပါသတဲ့။

အိုလံပစ်ကြည့်ဖို့ တရုတ်ကနေ လန်ဒန်ကို စက်ဘီးစီးသွားတဲ့ အဖိုး


               အိုလံပစ်ပွဲကြီးကျင်းပတော့ တကမ္ဘာလုံးကလူတွေ ရုပ်မြင်သံကြားကနေ ကြည့်ကြသပေါ့။  ဒါပေမယ့် အိုလံပစ်ပွဲတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်တဲ့ ငွေကြေးတတ်နိုင်တဲ့ လူများကျတော့လည်း လန်ဒန်ကို သွားကြည့်ကြတာပေါ့လေ။  တရုတ်နိုင်ငံက လယ်သမား အဖိုးအိုက ချန်ကွမ်းမင် တော့ အင်္ဂလိပ်စကားလည်း မပြောတတ်၊ ငွေကလည်း မတတ်နိုင်၊ သူ့မှာ ရှိတာဆိုလို့ ဘီးသုံးဘီးပါတဲ့ စက်ဘီးလေး တစ်ခုသာပိုင်ပါသတဲ့။ 

ထီးရောင်စုံနဲ့ လှနေတဲ့မြို့ကလေး


ပေါ်တူဂီနိုင်ငံက Agueda ဆိုတဲ့ မြို့ကလေးဟာ မှာ ဇူလိုင်လရောက်ရင် လမ်းတစ်ချို့မှာ ခုလိုမျိုး ထီးကလေးတွေ ရောင်စုံ လမ်းမပေါ်မှာ မိုးလို့ လှချင်တိုင်း လှနေပါသတဲ့။  ဒီပုံလေးကို Patricia Almeida ရဲ့ Flickr ကနေ ကူးယူဖော်ပြပါတယ်။  စိတ်ကူးကောင်းကောင်းလေးနဲ့ ဖန်တီးထားတာမို့ တော်တော်လေး ကြိုက်မိပါတယ်။  တစ်နေ့တော့ ကျွန်တော်လည်း ကျွန်တော့်ခြံထဲမှာ ဒီလိုမျိုး ထီးရောင်စုံမိုးကြည့်ချင်သေးသပ။




တံဆိပ်နာမည်တွေ ဘယ်ကစတယ်(၂)


Vodafone ကတော့ voice, data နဲ့ telefone တို့ကို ပေါင်းစပ်ထားတာပါတဲ့။

တံဆိပ်နာမည်တွေ ဘယ်ကစတယ် (၁)


နာမည်ကြီး နစ်ကီရဲ့ တံဆိပ်ကတော့ ဂရိစစ်ဘုရားတစ်ဦးရဲ့ နာမည်ကို ယူထားပါသတဲ့။  အမှန်လေးခြစ်ထားတဲ့ Swoosh လို့ခေါ်တဲ့ တံဆိပ်ပုံစံလေးကို ဖန်တီးသူကတော့ Carolyn Davidson ဆိုတဲ့ ဒီဇိုင်းပညာရှင်ဖြစ်ပြီးတော့ ၁၉၇၁ ခုနှစ်မှာ ဖန်တီးခဲ့တာပါ။  အဲ့ဒီတုန်းကတော့ သူမဟာ ဒီလိုတံဆိပ်လေး ရေးဆွဲခအဖြစ် ၃၅ ဒေါ်လာ တောင်းခဲ့ပါတယ်။ 

Comment (မှတ်ချက်)


HTML