ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Thursday, July 26, 2012

လန်ဒန်ရဲ့ အိုလံပစ်မှာ ဒိုက်ထိုးမယ့် ဘက်စ်ကား


           ချက်နိုင်ငံသား အနုပညာရှင် ဒေးဗစ် ဆန်နီ (David Cerny) ကတော့ ၂၀၁၂ ခုနှစ် လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်အတွက် ထူးထူးခြားခြား ဖန်တီးလိုက်တာကတော့ ဒိုက်ထိုး မယ့် ဘက်စ်ကားပါတဲ့။  ပြီးခဲ့တဲ့ သောကြာနေ့ ကတော့ အဆိုပါကားကို စတင်စမ်းသပ်နိုင်ခဲ့ ပါတယ်။
       ဆန်နီဟာ ဟော်လန်ကနေ အဆိုပါ ဘက်စ်ကားကို ၀ယ်ယူခဲ့ပြီးတော့ ကြီးမားတဲ့ လူသား လက်မောင်းပုံစံ စက်လက်တံကြီးကို တပ်ဆင်ခဲ့တာပါ။  ဒီ လျှပ်စစ်စွမ်းအားသုံး လက်ကြီးတွေဟာ အဆိုပါ ဘက်စ်ကားကို မတင်ပြီးတော့ ဘက်စ်ကားဟာ ဒိုက်ထိုးနိုင်မှာဖြစ်ပါတယ်။  ဘက်စ်ကားကြီး ဒိုက်ထိုးတဲ့အချိန်တိုင်းမှလည်း အားတင်ပြီး ဒိုက်ထိုးတဲ့ အသံထွက်ပေါ်လာမှာဖြစ်ပြီးတော့ ဘက်စ်ကား ရဲ့ ပြုတင်းပေါက်တွေမှာလည်း အရုပ်တွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။
          “အားကစားသမားတိုင်းရဲ့ လေ့ကျင့်ခန်းတွေထဲမှာ မပါမဖြစ်ကလည်း ဒိုက်ထိုးခြင်းပဲလေ” လို ဆန်နီက ပြောသွားပါသေးတယ်။ ဆန်နီကတော့ သူ့ရဲ့ ဒိုက်ထိုးတဲ့ ကားကြီးကို London Booster လို့ နာမည်ပေးထားပါတယ်။  သူ့ရဲ့ ဒိုက်ထိုးတဲ့ ကားကြီးကို လောလောဆယ် လန်ဒန်က Czech Olympic House တည်ရှိရာ Islington မှာ ထားရှိပါတယ်။  
             အောက်မှာတော့ ဒေးဗစ် ဆန်နီရဲ့ ဘက်စ်ကားကြီး ဘယ်လို ဒိုက်ထိုးလဲဆိုတာကို YouTube ဗီဒီယိုလေးက တစ်ဆင့် ကြည့်နိုင်ပါတယ်။


Picture : (Reuters/Petr Josek)

Picture : (Reuters/Marika Kochiashvili)

No comments:

Post a Comment

Comment (မှတ်ချက်)


HTML