ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် ပြည်သူ့သတင်းစဉ် ပြည်သူတို့ထံအရောက်နှင်ရမည့် ဒီမိုကရေစီဖော်ဆောင်လမ်းစဉ်

HTML

Thursday, July 26, 2012

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂၁)တွင်ပါဝင် ကစားခွင့်မရသည့် ပွဲပယ်ကစားသမားစာရင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်လျှက်ရှိနေသည့် ၂၀၁၂ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂၁)တွင် အ၀ါကတ်များ၊အနီကတ်များပြသခံခဲ့ရသဖြင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရသည့် ကစားသမား ၁၃ဦးအထိ ရှိကြောင်းသိရှိရသည်။ မောရ၀တီအသင်းမှ ကျောနံပါတ်(၁၉) ရဲလင်းဦးသည် ကမ္ဘောဇ အသင်း၊ နေပြည်တော်အသင်း၊ မကွေးအသင်းတိုနှင့် ပွဲစဉ်တွင် အ၀ါကတ် ပြသခံခဲ့ရသဖြင့် ဇူလိုင်လ ၂၈ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ရက္ခပူရအသင်းနှင့် ပွဲစဉ်ကိုလွဲချော်ရမည်ဖြစ်သည်။

ဇေယျာရွှေမြေအသင်းမှ ကျောနံပါတ်(၂) မင်းသူသည် အ၀ါကတ်၃ကြိမ်ပြသခံရသည့်အတွက် ဇူလိုင်လ ၂၈ရက်နေ့တွင်ယှဉ်
ပြိုင်ကစားမည့် နေပြည်တော်အသင်းနှင့်ပွဲစဉ်၊ မနောမြေအသင်းမှ ကျောနံပါတ်(၁၀) သန်းဇော်မင်းနှင့် ကျောနံပါတ်(၁၄)
စံမျိုးဦးမှာ အ၀ါကတ်(၃)ကြိမ်ပြသခံရပြီးဖြစ်သည့်အတွက် ဇူလိုင်လ ၃၀ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ဇွဲကပင်အသင်းနှင့်
ပွဲစဉ်ကို လွဲချော်ရမည်ဖြစ်သည်။ဆောက်သမ်းမြန်မာအသင်းမှ ကျောနံပါတ်(၂၀) ရဲအောင်မှာ အ၀ါကတ်(၃)ကြိမ် ပြသခံခဲ့ရ
သဖြင့် ဇူလိုင်လ ၂၉ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ပွဲစဉ်၊ ချင်းယူနိုက်တက်မှ ကျောနံပါတ်
(၄၆) မင်းသီဟမှာ အ၀ါကတ်(၃)ကြိမ်ပြသခံရပြီး ဖြစ်သည့်အတွက် ဇူလိုင်လ ၂၉ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့်ရတနာပုံ
အသင်းနှင့်ပွဲစဉ်ကို လွဲချော်ရမည်ဖြစ်သည်။

ထိုကစားသမားများအပြင် ဇွဲကပင်အသင်းမှ ကျောနံပါတ်(၈) မင်းယုအောင်ကို အ၀ါကတ်(၃)ကြိမ်ပြသခံရပြီး ဖြစ်သည့်အတွက်
ဇူလိုင်လ ၃၀ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့်မနောမြေအသင်းနှင့်ပွဲစဉ် ၊ ဧရာဝတီယူနိုက်တက်အသင်းမှ ကျောနံပါတ်(၁၆)
နိုင်လင်းဦးက အ၀ါကတ်(၃)ကြိမ်ပြသခံရပြီး ဖြစ်သည့်အတွက် ဇူလိုင်လ ၂၈ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် မကွေးအသင်းနှင့်
ပွဲစဉ်၊မကွေးအသင်းမှ ကျောနံပါတ်(၇) kone မှာအ၀ါကတ်(၃)ကြိမ်ပြသခံရပြီး ဖြစ်သည့်အတွက် ဇူလိုင်လ ၂၈ရက်နေ့တွင်
ယှဉ်ပြိုင်ကစားမည့် ဧရာဝတီအသင်းနှင့်ပွဲစဉ်၊ ဟံသာဝတီအသင်းမှ ကျောနံပါတ်(၄) Clifford နှင့် အ၀ါကတ်(၃)ကြိမ်ပြသခံရပြီး
ဖြစ်သည့်အတွက် ဇူလိုင်လ ၂၈ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ကမ္ဘောဇအသင်းနှင့် ပွဲစဉ်များကို လွဲချော်ရမည်ဖြစ်သည်။
အထက်ပါကစားသမားများနှင့်အတူ နေပြည်တော်အသင်းမှ ကျောနံပါတ်(၃၂) ချစ်စမ်းမောင်မှာ အ၀ါကတ်(၃)ကြိမ်ပြသခံရပြီး
ဖြစ်သည့်အတွက် ဇူလိုင်လ ၂၈ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ဇေယျာရွှေမြေအသင်းနှင့်ပွဲစဉ်၊ ဟံသာဝတီယူနိုက်အသင်းမှ
ကျောနံပါတ်(၆) ကျော်သက်ဦးမှာ အ၀ါကတ် ၆ကြိမ် ပြသခံခဲ့ရသည့်အတွက် ဇူလိုင်လ ၂၈ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့်
ကမ္ဘောဇအသင်းနှင့်ပွဲစဉ် ၊ သြဂုတ်လ ၃ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် မောရ၀တီအသင်းနှင့်ပွဲစဉ် ၊ချင်းယူနိုက်တက်မှ
ကျောနံပါတ်(၂၆) ဝေဖြိုးထက်မှာ ဆောက်သမ်းမြန်မာနှင့်ပွဲတွင် နှစ်ဝါ၊တစ်နီဖြင့်ထုတ်ပယ်ခံခဲ့ရအတွက် ဇူလိုင်လ ၂၉ရက်
နေ့တွင် ယှဉ်ပြိုင်ကစားမည့် ရတနာပုံအသင်းနှင့်ပွဲစဉ်များတွင်ပါဝင် ကစားခွင့်မရှိကြောင်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်း
ပရေးမှဆုံးဖြတ်ခဲ့သည်။
 

No comments:

Post a Comment

Comment (မှတ်ချက်)


HTML